Wednesday, May 4, 2016

ကွန်ကရိအသားနှပ်ခြင်း (အပိုင်း - ၁)



ကွန်ကရိအသားနှပ်ခြင်း (အပိုင်း - ၁)
ကွန်ကရိအသားနှပ်ခြင်းဆိုသည်မှာ ဘာလဲ။
အသားနှပ်ခြင်း (အသားသေစေခြင်း) ဆိုသည်မှာ ကွန်ကရိကို အချိန်အတိုင်းအတာ တစ်ခုအထိ
အစိုဓါတ်
ှိနေစေရန် ထိန်းကြောင်းထားခြင်းပင်ဖြစ်သည်။
(စံသတ်မှတ်ချက်အားဖြင့် ၃ ရက် မှ ၇ ရက် ဖြစ်သည်။)

ကွန်ကရိ၏ အစိုဓါတ်ကို ထိန်းကြောင်းထားခြင်းအားဖြင့် ဘိလပ်မြေအနှစ်နှင့် ရောစာတို့အကြား စေးကပ်တွဲမြဲမှုကို ခိုင်မာလာစေသည်။
 
ကွန်ကရိကို လျင်လျင်မြန်မြန် ခြောက်သွေ့ ခြောက်ခမ်းသွားအောင် ထာှးိလိုက်ပါက အဆိုပါကွန်ကရိသည် စနစ်တကျ မှန်မှန်ကန်ကန် မာကြောလိမ့်မည် မဟုတ်ချေ။

ကွန်ကရိကို ဘယ်အချိန်မှာ အသားနှပ်ရမှာလဲ။
ကွန်ကရိမျက်နှာပြင်ကို အပြီးသတ်ပြီးသည်နှင့် အသားနှပ်ခြင်းကို စတင်နိုင်လေပြီဖြစ်သည်။

သတိပြုရမည့် အချက်များ -
ပုံစံခွက်ကို ဖယှ်ားခြင်းမပြုဘဲ နေရာတွင်ပင် (ကွန်ကရိနှင့်ထိကပ်မြဲ) ထာှးိပေးကာ အသားနှပ်လုပ်ငန်းကို ကူညီလုပ်ဆောင်ပေးခြင်းဖြင့် ကွန်ကရိမှ အစိုဓါတ် ဆုံှးုံးမှုကို လျော့ချနိုင်လေသည်။ 

 
ပူပြင်းချိန် (အပူချိန် ၃၀ ဒီဂရီ ဆယ်စီးရပ်စ် အထက်တွင်) သို့မဟုတ် ပူနွေးစွတ်စိုမှုလျော့ပါးနေပြီး လေတဟူးဟူး တိုက်ခတ်နေစဉ်အတောအတွင်း ကွန်ကရိသည် အလျင်အမြန် သွေ့ခြောက်သွားနိုင်သည်။ 

ထိုသို့သော အခြေအနေများတွင် အသားနှပ်ခြင်းကို ပိုပိုသာသာ ဂုတစိုက် လုပ်ဆောင်ပေးရပေမည်။

အသားနှပ်ခြင်းကို အဘယ်ကြောင့် လုပ်ဆောင်ပေးရသလဲ။
အသားနှပ်ထားသော (အသားသေသော) ကွန်ကရိသည် -
-  အက်ကွဲရန် အလားအလာနည်းသည်။
ပိုတောင့်တင်းခိုင်မာသည်။
-   ပိုတှာည်ခံတည်တံ့သည်။

အသားနှပ်ထားသော ကွန်ကရိတွင် ပို, သာ၍ အပွန်းအစားခံနိုင်သော မျက်နှာပြင်ရှိသည်။
ပို၍
, သာတှာည်ခံသော သက်တမှ်းိသည်။ 
အားကူသံချောင်းများကိုလည်း ပိုကာကွယ်နိုင်လေသည်။
တိတိကျကျ မှန်မှန်ကန်ကန် အသားနှပ်ထားသော ကွန်ကရိသည် ပိုတောင့်တင်းကြံ့ခိုင်ပြီး ကျိုးပဲ့ခြင်းမှိဘဲ အလေးဝန်အတော်များများကို ထမ်းဆောင်နိုင်လေသည်။



ဘယ်လိုအသားနှပ်ရမလဲ။
အသုံးအများဆုံး အသားနှပ်နည်းများမှာ - ကွန်ကရိမျက်နှာပြင်အပေါ်သို့ ရေဖြန်းပေးခြင်း သို့မဟုတ် ကွန်ကရိမှ အစိုဓါတ် ဆုံှးုံးပျောက်ကွယ်သည့် နှုန်းကို လျှော့ချခြင်း

ရေဖြန်းပေးခြင်း (Applying Extra Water)
ိုှးင်းဆုံးသော နည်းလမ်းမှာ ကွန်ကရိအပေါ်သို့ ရေမှုန်ရေမွှားလေးများကို အဆက်မပြတ် ဖြန်းပတ်ပေးခြင်းဖြစ်သည်။



သတိပြုပါ - ရေဖြန်းရာမှ ပန်းထွက်လာသော ရေစက်လေးများသည် အင်မတန် သေးငယ်သော ရေမှုန်ရေမွှားလေးများ ဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက ကွန်ကရိ၏ မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေလိမ့်မည်ဖြစ်သည်။
ပူပြင်းသောရာသီဥတုတွင် ကွန်ကရိသည် ပိုမို၍ လျင်မြန်စွာ သွေ့ခြောက်သွားလိမ့်မည်ဖြစ်သည်။ 

ထိုအခြေအနေတွင် ကွန်ကရိကို အဆက်မပြတ် စွတ်စိုနေစေရန် ထိန်းကြောင်းပေးပါ။
ကွန်ကရိကို အချိန်တိုင်းတွင် စွတ်စိုနေစေရန် ထိန်းကြောင်းထားရမည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ 
နံနက်ခင်းတွင် ရေပိုက်ဖြင့် ရေထိုးရေလောင်းခြင်း၊ တစ်ဖန် ညပိုင်းတွင် ထပ်မံ ရေထိုးရေလောင်းပြီး နံနက်နှင့် ည၏ ကြားကာလတွင်မူ အစိုဓါတ်မပေးဘဲ သွေ့ခြောက်နေစေခြင်းမှာ ကောင်းမွန်သော လုပ်ဆောင်ချက်မဟုတ်ပေ။
 
အစိုဓါတ်ဆုံးရှုံးခြင်းကို လျော့ချခြင်း (Reducing Moisture Loss)
ကွန်ကရိအသားနှပ်ရန် နောက်ထပ်နည်းလမ်းတစ်ခုမှာ အစိုဓါတ်ပျောက်ကွယ်ဆုံှးုံးမှု နှေးကွေးစေရန်အလို့ငှာ ပလတ်စတစ်စများ (PLASTIC SHEETS) ဖြင့် ဖုံးအုပ်ပေးခြင်းဖြစ်သည်။



နည်းလမ်းသည် လွယ်ကူမှိုပြီး စရိတ်စကလည်း မများပေ။ ပလတ်စတစ်အလွှာစများကြောင့် ကွန်ကရိ၏ အချို့နေရာများအရောင်ရင့်လာခြင်း (နေရာကွက်အရောင်မညီခြင်း) မျိုးဖြစ်လာနိုင်ချှေိခြင်းသည် ပြနာတစ်ရပ်ဖြစ်သည်။ 

ဖြစ်ရပ်ကိုှောငှ်ားရန်အလို့ငှာ ကွန်ကရိအစိုဓါတ် တပြေးညှီိနေစေရန် ထိန်းသိမ်းလုပ်ဆောင်ပါ။

လေတိုက်လွင့်မသွားစေရန် ပလတ်စတစ်အလွှာစများကို ဖိထားရပေမည်။ 
ထိုသို့ လုပ်ဆောင်ရာတွင် ပလတ်စတစ်စများကို အနားစွန်းများထပ်ပြီး တိပ်နှင့်ကပ်ပေးကာ/ သို့မဟုတ် အုတ်ခဲများ သို့မဟုတ် သစ်သားနှင့် သဲများဖြင့် ဖိထားပေးနိုင်သည်။ 



အချိန်တိုင်း, အချိန်တိုင်းတွင် ပလတ်စတစ်စ၏ အောက်တွငှ်ိသော ကွန်ကရိသည် အစိုဓါတ် (ရေခိုးရေငွေ့) ကို တညီတညာတည်း တပြေးညီ ရှိနေခြင်းကို သေချာရစေရန် အစဉ်အမြဲစစ်ဆေးပါ။ 

အကယ်ကွန်ကရိသည် သွေ့ခြောက်ခြင်းကို ခံစားနေရပြီဆိုပါက ထပ်မံရေဖြန်းပလတ်စတစ်စများကို ဂုတစိုက်ပြန်လည် ဖုံးအုပ်ထာှးိပေးပါ။ 

ပလတ်စတစ်စ၏အောက်တွင် ငွေ့ရည်ဖွဲ့နေခြင်း (Condensation) သည် ကောင်းမွန်သော လကဏာတစ်ရပ်ဖြစ်သည်။


အသားနှပ်ဓါတ်ပေါင်း (CURING COMPOUND) အသုံးပြုခြင်းဖြင့်လည်း ကွန်ကရိကို အသားနှပ်ပေးနိုင်သေးသည်။ 

အဆိုပါ ဓါတ်ပေါင်းသည် အစိုဓါတ် ပျောက်ကွယ်ဆုံှးုံးမှုကို နှေးကွေးစေသည်။ ကွန်ကရိအား အပြီးသတ် အချောသပ်ပြီးနောက် မကြာလျင်ချက်ချင်း အသုံးပြုသင့်ပေသည်။ သုံးစွဲရာတွင်လည်း ကုန်ပစည်းတွင် ပါဝင်သော ထုတ်လုပ်သူ၏ လမ်းညွှန်ချက်အညွှန်းကို အစဉ်အမြဲ ဂုတစိုက် လိုက်နာဆောင်ွက်ပါ။ 

အသားနှပ်ဓါတ်ပေါင်းများကို ကွန်ကရိအပေါ်တွင်  ဖြန်းခြင်းဖြင့်သော်လည်းကောင်း၊ ဒလိမ့်ဖြင့် လှိမ့်၍သုတ်၍သော်လည်းကောင်း သို့မဟုတ် ဘရပှ််ဖြင့်သုတ်သော်လည်းကောင်း အသုံးပြုနိုင်ပေသည်။

သတိပြုပါ - အချို့သော ဓါတုဓါတ်ပေါင်း အမျိုးအစားများသည် နောက်ပိုင်းကာလများတွင် မျက်နှာပြင် အချောသတ်လုပ်ငန်းများဖြစ်သည့် ဆေးခြယ် ဆေးသုတ် ဆေးတင်ခြင်း၊ ကြမ်းခင်းပြင် အဖုံးအကာများ (FLOORING COVERINGS) ကပ်ခြင်းများ ပြုလုပ်ရာတွင် အခက်အခဲဖြစ်စေနိုင်သည်။ ထို့ကြောင့် ဓါတု ဓါတ်ပေါင်းများကို သုံးစွဲမည်ဆိုလျှင် ဗီနိုင်း (vinyl) သို့မဟုတ် ကြွေပြားများ ကပ်ခြင်းကဲ့သို့သော နောက်ပိုင်းလုပ်ဆောင်မည့် အချောသတ်လုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်နိုင်မှု (သို့မဟုတ်) သဟဇာတ ဖြစ်/မဖြစ် ဓါတု ဓါတ်ပေါင်း ထုတ်လုပ်ရောင်းချသူနှင့် ကြိုတင်မေးမြန်းစစ်ဆေးပါ။

အလျင်အမြန် သွေ့ခြောက်နေသော အခြေအနေ အနေအထားများ (ဆိုလိုသည်မှာ - လေတိုက်အားကောင်းသော၊ ခြောက်သွေ့သောလေတိုက်ခတ်နေပြီး/ သို့မဟုတ် လေပူဖြစ်နေသော အခြေအနေများ) ငွေ့ပျံနှေးဆေး (Evaporation Retarder) တစ်မျိုးကို သုံးစွဲခြင်းဖြင့် မျက်နှာပြင်မှ အစိုဓါတ် အလျင်အမြန် ပျောက်ကွယ် ဆုံှးုံးခြင်းကို လျော့ချနိုင်လေသည်။ 

ထို့အပြင် ကနဦးပိုင်းသက်တမ်းကာလတွင် ဖြစ်ပေါ်တတ်သော ပလတ်စတစ် အက်ကြောင်း (plastic cracking) ဖြစ်ပွားသည့် ပမာဏကိုလည်း လျှော့ချနိုင်လေသည်။

ထုတ်ကုန်ပစ္စည်းများတွင် အရောင်လွင့်ဆိုးဆေးတစ်မျိုး (a fugitive dye) ပါဝင်သည်။ တို့ကို ကနဦး စတုတ်တိုက်မျဉိးုက်ပြီး လက်ပွတ်လိုက်ပြီးနောက် အသုံးပြုရသည်။ အပြီးသတ် လက်စသတ်သည်အထိ အဆင့်ဆင့်သော တစ်ရစ်ပြီးတစ်ရစ်ဖြစ်သော မျက်နှာပြင်တို့ကို လုပ်ဆောင်ပြီးသည့်နောက်တွင် တို့ကို ထပ်မံအသုံးပြုကြရသည်။ ပြင်းထန်သော အခြေအနေများ၊ အရေးကြီးသော အနေအထားများ၌မူ နှောင့်နှေးဆေးများ (retarders) ကို ထပ်မံသုံးစွဲရန် လိုအပ်ပေလိမ့်မည်။ ငွေ့ပျံနှေးဆေးများသည် အသားနှပ်ဓါတ်ပေါင်းများမဟုတ်ချေ။ ၎င်းတို့၏ အကျိုးအာနိသင်သည် ယာယီသာဖြစ်သည်။ ထို့ကြောင့် ကွန်ကရိကို လက်စသတ် အပြီးသတ်ပြီးသည်နှင့် အသုံးပြုရသည်။ သာမန် အသားနှပ်နည်းစနစ်များကို ချက်ချင်းဆိုသလို လုပ်ဆောင်သင့်ပေသည်။

ဘယ်လောက်ကြာအောင် အသားနှပ်ရမလဲ။
ကွန်ကရိသည် ပိုမိုမာကြောမှုနှင့် ပိုမိုတောင့်တင်းကြံ့ခိုင်မှိုခြင်းကို အချိန်ကာလများစွာတိုင်အောင် လက်ဝယ် ပိုင်ဆိုင်ထိန်းသိမ်းထာှးိလာသည်။

အိမ်တွင်းသုံး ကွန်ကရိလုပ်ငန်းငယ်များအတွက် အသားနှပ်ခြင်းကို အနည်းဆုံး (၃) ရက် ကြာအောင် လုပ်ဆောင်ပေးရပေမည်။ ပိုမိုကောင်းမွန်သော အင်အားရှိမှုနှင့် တှာည်တည်တံ့မှုတို့အတွက် ကွန်ကရိကို (၇) ရက် ကြာအောင် အသားနှပ်ပေးရပေမည်။

ကွန်ကရိကို ကြှာည်ကြာများ အသားနှပ်လေ၊ ၏ ဖြစ်ထွန်းနိုင်မှုအရှိဆုံးသော အင်အားနှင့် တှာည်ခံတည်တံ့ခိုင်မြဲမှု အကောင်းတကာ့ အကောင်းဆုံး အနေအထားကို အနီးစပ်ဆုံး ရှိလေ ဖြစ်ပေလိမ့်မည်။

REFERENCE : CONCRETE BASICS­_A Guide to Concrete Practice
_Cement Concrete & Aggregates Australia

ကျော်ဇင်ဟိန်း
၅-၅-၂၀၁၆

No comments:

Post a Comment