"သဲ" ရဲ့ ဘယ်လို ဝိသေသျ လက္ခဏာတွေကို ကြည့်ရှုပြီး ပင်လယ်သဲ
ဖြစ်ပါကြောင်း သိနိုင်ရခြင်းမှာ -
၁။ ပင်လယ်ခရုခွံ အကျိုးအပဲ့ ပမာဏ အနည်းငယ် ပါဝင်နေခြင်း၊ ဖြူ၍ပါးလွှသော
အစိတ်အပိုင်း အမှုံအမွှားလေးများ ပါဝင်နေခြင်း။
၂။ ရွှံ့၊ နှုန်း ကင်းစင်နေခြင်း။
၃။ အရွယ်အစားအမျိုးမျိုးဖြစ်နေသော ကုဗတုံးဆန်သည့် သဏ္ဌာန် (သို့)
လုံးဝန်းသည့် သဏ္ဌာန် များ အဓိကကျစွာ ပါဝင်နေခြင်း။
၎။ အဖြူ၊ အဝါ၊ ညို-ဝါ၊ ဝါဖျော့ဖျော့ ၊ ညိုဖျော့ဖျော့ အရောင်တို့
ဖြင့် သဲ၏အရောင်မှာပို၍တောက်ပနေခြင်း။
၅။ အညိုရောင် (သို့) အညိုရောင်သမ်းသော မီးခိုးရောင် ကျောက်အမှုံအမွှား
သေးသေးလေးများ မပါဝင်ခြင်း။
၆။ ရွယ်စေ့သေးသော ၊ သဲမှုံလေးများ သဲထဲတွင် များပြားပေါကြွယ်စွာ
ပါဝင်နေခြင်း။
၇။ ရွယ်စေ့အနေအထား ပို၍ညီတူမျှစွာ ပါဝင်နေခြင်း။
သို့ရာတွင်-
ပင်လယ်သဲတွင်းတူးဖော်ရာနေရာသည် ပင်လယ်နှင့် မြစ်ပေါင်းဆုံရာ ပင်လယ်ဝတွင်
ရှိနေပါမူ မြစ်သဲနှင့် ပင်လယ်သဲ အရောအနှော ဖြစ်နေနိုင်ပါကြောင်း။
ref : Suitability Of Sea Sand As A Fine A ggregate For Concrete
Production
by Prof.S.R. De S, Chandrakeerthy,Head of the Division of Structural and Construction
Engineering, University of Moratuwa, Sri Lanka.
Photo: Chaung Tha, Pathein.
ကျော်ဇင်ဟိန်း
၂၉-၁-၂၀၁၅
ကျော်ဇင်ဟိန်း
၂၉-၁-၂၀၁၅
No comments:
Post a Comment