Friday, May 6, 2016

ဘိလပ်မြေသိုလှောင်မှု



ဘိလပ်မြေသိုလှောင်မှု

- ဘိလပ်မြေသိုလှောင်မှု
- လတ်ဆတ်သော ဘိလပ်မြေကို အသုံးပြုမှု
- ဘိလပ်မြေ အရည်အသွေးကို စမ်းသပ်ခြင်း
--------------------------------------------------------------------------------------------------------------
 ခြောက်သွေ့သော အခန်းတစ်ခု (a dry room) တွင် သိုလှောင်သိမ်းဆည်းပါကမူ ဘိလပ်မြေအိတ်များကို လအနည်းငယ်ကြာအောင် စိတ်ချစွာ သိုလှောင်နိုင်လေသည်။

သိုလှောင်သိမ်းဆည်းရာတွင် စက္ကူဖြင့် ပြုလုပ်ထားသောအိတ်များ (paper bags) သည် ဂုံလျှော်ဖြင့် ပြုလုပ်ထားသောအိတ်များထက် သာ၍ ကောင်းမွန်မှုရှိသည်။

အဘယ့်ကြောင့်ဆိုသော် အစိုဓာတ်ကြောင့် ဖြစ်သော ပျက်စီးယိုယွင်းခြေ ( deterioration due to moisture) နှင့်ဆိုင်သည့် အရည်အသွေးပိုင်းတွင် စက္ကူအိတ်သည် ဂုံလျှော်အိတ်ထက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်ရှိသောကြောင့် ဖြစ်သည်။


နွေမုတ်သုံလေကျရောက်သော မိုးဥတုကာလများ (monsoon time) အတောအတွင်း၌ ဘိလပ်မြေသိုလှောင်သိမ်းဆည်းမှုသည် အလွန်အရေးပါသော အခန်းကဏ္ဌတစ်ရပ်အနေနှင့် ရှိသည်။

အဘယ့်ကြောင့်ဆိုသော် နှိုင်းရစိုထိုင်းဆ ပိုမိုမြင့်မားမှုသည် ဘိလပ်မြေယိုယွင်းပျက်စီးမှုဖြစ်စဉ်
( the deterioration process) ကို အရှိန်မြှင့်စေသောကြောင့်ဖြစ်သည်။





ဘိလပ်မြေအိတ်များကို ကြမ်းပြင် အထက် (၁၅) မှ (၂၀) စင်တီမီတာခန့်အထိ မြင့်သောအနေအထားနှင့်
နံရံများမှ (၃၀) မှ (၅၀) စင်တီမီတာ ခန့်ကွာဝေးသော သစ်သားခုံမြင့်
( ဥပမာ- ရွှေ ပြောင်းယူနိုင်သော သစ်သားစင်မြင့်) ပေါ်တွင် သိုလှောင်ထားသင့်သည်။

ဒီနေရာမှာ "ဘာလို့ နံရံက ခွာဖို့ လိုလဲ" လို့ မေးစရာရှိလာပါတယ်။

ဘိလပ်မြေသိုလှောင်တဲ့အခါမှာ -

*သစ်သားပြားနဲ့ ဆောက်လုပ်တဲ့ ဂိုဒေါင်
*အထပ်သားပြားနဲ့ ဆောက်လုပ်တဲ့ဂိုဒေါင်
*အုတ်တိုက် ဂိုဒေါင်
*ထရံနဲ့ဆောက်လုပ်တဲ့ ဂိုဒေါင်
*သွပ်ပြားနဲ့ဆောက်တဲ့ဂိုဒေါင်
*ဆောက်လက်စတိုက်ရဲ့ အခန်းလွတ်တစ်ခုခု
အစသဖြင့် လုပ်ငန်းခွင်ပေါ်မူတည်ပြီး ယာယီသိုလှောင်သိမ်းဆည်းကြပါတယ်။

သတိထားရမှာက ဘိလပ်မြေအိတ်တွေနဲ့ ထိစပ်ရာ/အနီးတ၀ိုက်မှာ အစိုဓာတ် ကူးလာနိုင်တဲ့
အခြေနေမရှိဖို့ပါ။

မိုးတွင်းမိုးပက်တာမျိုး ဆောင်းတွင်းနှင်းရိုက်တာမျိုးကြောင့် နံရံတွေမှာ အစိုဓာတ်ကိန်းအောင်းတတ်ပါတယ်။

ထရံ/အထပ်သား/သစ်သားနံရံတွေဆိုရင် အခန်းတွင်းထိ ရေ-အစိုဓာတ်စိမ့်ဝင်တတ်ပါတယ်။

ဘိလပ်မြေကို နံရံနဲ့ ကပ်ပြီး နံရံကိုမှီပြီးစီထားရင် အမှုန့်တွေခဲမှာပါ။

သုံးမရတဲ့ အတုံးအခဲ ကြီးသေးတွေ ဖြစ်လာမှာပါ။

ဒါကြောင့် ဘယ်လိုအခြေအနေအတွက်မဆို စိတ်ချရအောင် နံရံကို မှီပြီးမစီသင့်ပါ။








ဘိလပ်မြေအိတ်များကို (၁၀)အိတ်ထက်ပို၍ မြင့်အောင် စုပုံထပ်ဆင့်ထားခြင်း မပြုသင့်ပါ။ 



လေ၏ထိတွေ့ခြင်းမှ နည်းစေရန် သို့မဟုတ် အိတ်များအကြား လေထုလှည့်ပတ်တိုးဝင်ခြင်းမှ လျော့ချရန် အိတ်များကို တစ်အိတ်နှင့်တစ်အိတ်နီးကပ်စွာ ထားရှိသင့်သည်။

ဘိလပ်မြေအိတ်ကို မည်သည့်အခါမျှ ဖွင့်ဖောက်မထားသင့်ပါ။ 



လတ်ဆတ်သော ဘိလပ်မြေကိုသာ အသုံးပြုရပါမည်။

(၆)လထက်ကျော်လွန်၍ သိုလှောင်ထားသော ရိုးရိုးသာမန်ပို့တလန် ဘိလပ်မြေ
(Ordinary Portland cement) ကို ပန်းရံလုပ်ငန်း (masonry work) အတွက် အသုံးမပြုသင့်ပါ။ 


(၁း၂း၎) ရောစပ်မှုအချိုးတစ်ခုတွင် သိုလောင်သိမ်းဆည်းမှုအလျောက် အင်အားစွမ်းရည် ပျမ်းမျှလျော့ကျဆုံးရှူံးမှု မှာ-

*** လတ်ဆတ်သောဘိလပ်မြေ၏ အင်အားသည် ၁၀၀% ရှိသည်။

*** (၃)လကြာပြီးနောက် ဘိလပ်မြေ၏ အားစွမ်းရည်သည် (၂၀%) လျော့ကျသည်။

*** (၆)လကြာပြီးနောက် ဘိလပ်မြေ၏ အားစွမ်းရည်သည် (၃၀%) လျော့ကျသည်။

*** (၁၂)လကြာပြီးနောက် ဘိလပ်မြေ၏nအားစွမ်းရည်သည် (၄၀%) လျော့ကျသည်။

*** (၂၄)လကြာပြီးနောက် ဘိလပ်မြေ၏ အားစွမ်းရည်သည် (၅၀%) လျော့ကျသည်။



ဘိလပ်မြေ အရည်အသွေးကို စမ်းသပ်ခြင်း

ဘိလပ်မြေအိပ်သွား၍ မာခဲကျစ်လစ်နေသော အတုံးအခဲလေးများ ( lumps of set cement) ပမာဏများများပါဝင်နေခြင်းက အဆိုပါဘိလပ်မြေသည် အင်အား ယုတ်လျော့ ထိခိုက် ပျက်စီး ယိုယွင်းနေသော ဘိလပ်မြေ ဖြစ်နေကြောင်းကို ရည်ညွှန်းသည်။

ထပ်မံ၍ ဇကာချခြင်းမပြုလျှင်တောင်မှ ဘိလပ်မြေအိပ်၍ မာခဲကျစ်လစ်နေသော အစိုင်အခဲ အတုံးအခဲ လေးများကို မသုံးစွဲသင့်ပါ။



ဘိလပ်မြေ၏ လတ်ဆတ်မှု (freshness of cement) ကို အောက်ပါနည်းဖြင့် စမ်းသပ်နိုင်သည်။

မာခဲကျစ်လစ်သော အတုံးအခဲများ စမ်းသပ်ခြင်း (LUMP TEST)

ဘိလပ်မြေအိပ်၍ မာခဲကျစ်လစ်နေသော မည်သည့်အစိုင်အခဲ အတုံးအခဲ အကြီးအသေးကို မဆို
စစ်ဆေးကြည့်ရှုပါ။ ဖယ်ရှားပစ်ပါ။ 



ပွတ်ချေ၍ စမ်းသပ်ခြင်း

ဘိလပ်မြေကို လက်မနှင့် လက်ချောင်းများအကြား ထည့်၍ ပွတ်ချေကြည့်ပါက ဂျုံမှုန့်ကဲ့သို့
နူးညံ့ချောမွေ့သည့်အမှုန့်ဖြစ်နေကြောင်းခံစားမှုကို ရရှိသင့်သည်။

ဘိလပ်မြေ သိုလှောင်မှုနည်းစနစ်၊ သိုလှောင်မှုကြာရှည်သောအခါ စွမ်းအားကျဆင်းတတ်ပုံနှင့်
ဘိလပ်မြေ၏လတ်ဆတ်မှုကို စမ်းသပ်ရန်နည်းလမ်းများစွာရှိသည့်အနက် လုပ်ငန်းခွင်တွင် လက်တွေ့စမ်းသပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းကို တင်ပြအပ်ပါသည်။

REF : Basic Construction Training Manual for Trainers_Heini Müller
PHOTO - INTERNET

ကျော်ဇင်ဟိန်း
၂၆-၁၀-၂၀၁၅ 


No comments:

Post a Comment